Flutter programming ကို စတင်လေ့လာတော့မယ်ဆိုလျှင် စာဖတ် သူ အနေနဲ့ သိထားရမှာကတော့
flutter သည် ကျွန်တော်တို့ မြင်ရသော views နှင့် states မှန်သမျှကို Widgets တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာပါဘဲ။
Widget ဆိုတာဘာလဲ။
"Widget is a description of a part of UI."
ကျွန်တော်တို့ မြင်ရသမျှသော အစိတ်အပိုင်းတစ်ခုစီတိုင်းကို Widget တွေနဲ့ ပုံဖော်ထားတယ်လို့ ဆိုရပါမယ်။
ကျွန်တော်တို့ မြင်လိုသမျှအရာတိုင်းကို widget တည်ဆောက်ရပါမယ်။Widget တစ်ခုတည်ဆောက်တိုင်း နောက်ကွယ်က state တွေ ပြောင်းလဲ သွားတယ်ဆိုတာလည်းသိထားရပါမယ်။
ကျွန်တော်တို့ မြင်ရသမျှ တွေကို ထိန်းချုပ်တဲ့ ဘေးဘယ်ညာရွေ့တာ၊ အလယ်ထားတာ မှန်သမျှကိုလည်း
Widget နဲ့ လုပ်ရပါတယ်။
ဥပမာ။ ။ Padding, Center, Margin များသည်လည်း widgets များဖြစ်ပါတယ်။
Widget တစ်ခုချင်းစီတိုင်းကို ပေါင်းစပ်လိုက်တဲ့အခါမှာ Widget Tree ဖြစ်သွားပါတယ်။
Flutter ရဲ့အခြေခံ Widget များကို ဖော်ပြပေးထားပါတယ်။
စာသားများ ဖော်ပြရမှာသုံးပါတယ်။
The horizontal (Row) and vertical (Column) directions ဖော်ပြရမှာသုံးပါတယ်။
Widgetsများတစ်ခုနှင့်တစ်ခု ထပ်ထပ်ပြီး ဖော်ပြရမှာသုံးပါတယ်။
လေးထောင့် အကွက်တစ်ခုဖြစ်ပါတယ်။လိုသလို ဖော်ပြရမှာသုံးပါတယ်။
-Richard(12/12/2021)
Comments
Post a Comment