Switch expression and statements အကြောင်းသိကောင်းစရာ

  Java V17  ရောက်လာတာနဲ့အတူ  Java ရဲ့    Switch statement  ကလည်း သိသာစွာ ပြောင်းလဲလာပါတယ်။

 version 17 ရောက်မှ ပြောင်းလဲလာတာလားဆိုတော့လည်း မဟုတ်ပါဘူး။ Java version12  လောက်ကတည်းကတဖြည်းဖြည်းနဲ့ပြောင်းလဲလာတာပါ။ version 12  မှ  17  ထိ တောက်လျှောက်ပြောင်းလဲလာတာပါ။

 JEP 325 => JEP 354 => JEP 361 => JEP375 => JEP394 => JEP 406  ထိ ပြောင်းလဲလာပါတယ်။

ကျွန်တော်တို့ ပြောင်းလဲလာ မှူတွေကို ဖြည်းဖြည်းချင်းလေ့လာ သွားကြရအောင်လား ခင်ဗျာ။


  Java 17 ၌  switch   ေရးသားမှုက တော်တော်လေးပြောင်းလဲ လာပါပြီလို့ ပြောလို့ရပါတယ်။

  Java 8 လောက်အထိက  Switch  ရေးသားမှုကို  traditional ရေးသားမှုလို့ ခေါ်လို့ရပါတယ်။

 Switch  က  primitive ,String and Enum  types လောက်သာ  အသုံးပြုလို့ရခဲ့ပါတယ်။အခုဆိုရင်တော့

 Object type  တွေက အစ ရနေပါပြီ။   Null type    လည်းစစ်လို့ရနေပါပြီ။အဲ့လောက်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရေသားပုံ လည်း ပြောင်းလဲသွားပါတယ်။ ရေးသားပုံပြောင်းလဲသွားမှု အရ  traditional  ရေးသားမှုပုံစံကို ရေးသားလို့မရဘူးလားဆိုတော့ မဟုတ်ပါဘူး။အခုထိတော့ရေးလို့ရပါသေးတယ်။



ဆက်လက်၍ လေ့လာရန် === >  java-12-switch

 #Java

 #Khan

Comments