Java 13 မှာ yield keyword အသစ်ကို Java က မိတ်ဆက်လာပါတယ်။အရမ်းကို ရိုးရှင်းပြီး အသုံးပြုရာမှာ ရော မှတ်သားရာ၌လည်း လွယ်ကူပါတယ်။
အဓိက အသုံးပြုရမယ့်နေရာက switch expression မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အများစု သိပြုသားဖြစ်မယ့် switch expression မှာ အသုံးများတဲ့ keyword နှစ်ခုရှိပါတယ်။ break and return keywords တွေဖြစ်ကြပါတယ်။
break keyword က switch statement ကနေထွက်သွားပါတယ်။ဒါပေမယ့် တန်ဖိုးတစ်ခုခုပြန်မပေးပါဘူး။ method တစ်ခုအတွင်းကျန်ရှိနေတဲ့ code တွေကို ဆက်၍အလုပ်လုပ်စေပါတယ်။
return keyword က switch statement ကရော method ကပါ ထွက်သွားပါတယ်။ ဒါပေမယ့် တိကျသော တန်ဖိုးတစ်ခုခုပြန်ပေးပါနိုင်ပါတယ်။
yield keyword ကတော့ အလွန်အင်မတန်မှ သုံးလို့ကောင်းပါတယ်။တိကျသော တန်ဖိုးတစ်ခုခုပြန်ပေးပါနိုင်ပါတယ်။yield code line ရဲ့နောက်၌ ဘာမှ ရေးသားပိုင်ခွင့်မရှိတော့ပါ။method တစ်ခုအတွင်းကျန်ရှိနေတဲ့ code တွေကို ဆက်၍အလုပ်လုပ်စေပါတယ်။
YieldStatement:
yield Expression;လို့မှတ်သားထားနိုင်ပါတယ်။ဥပမာ။ ။
static void dayCheck(Days day){
int value = switch (day) {
case MONDAY, FRIDAY, SUNDAY -> {
yield 4;
}
case TUESDAY -> {
System.out.println(7);
yield 7;
}
case THURSDAY, SATURDAY -> {
System.out.println(8);
yield 8;
}
case WEDNESDAY -> {
System.out.println(9);
yield 9;
}
};
System.out.println(value);
}
Java12 switch အကြောင်းလေ့လာရန် === > java-12-switch
#khan
Comments
Post a Comment