Java 13 တွင် Switch ပြောင်းလဲမှု (JEP:354)

 Java 13 တွင်  switch  ရေးသားမှုကို ထပ်မံပြုပြင်ခဲ့ပါတယ်။  Java 13  မှာ  yield keyword  အသစ်ကို  Java က မိတ်ဆက်လာပါတယ်။ အဓိက သုံးရတာကလည်း  switch expression အတွင်းဖြစ်ပါတယ်။ထို့ကြောင့် Java 13၌

 switch expression ကို  yield keyword နဲ့ ပေါင်းပြီး ရေးသားမှုကို ပြုပြင်လာခဲ့ပါတယ်။  yield keyword  အသုံးပြုမှုကို လေ့လာချင်ရင်  yield  keyword  အသုံးပြုပုံကို  blog အသစ်ရေးပေးထားပါတယ်။

 Java 12  လောက်မှာကတည်းက  switch expression   ရေးသားရာ၌  default statement ကို ထည့်မရေးလည်းရတယ် ဆိုတာ စာဖတ်သူအနေနဲ့ သိပြီးသားဖြစ်ပါလိမ့်မယ်။ သို့သော်  Java 12  ကစပြီး switch expression  ကို  enum type နဲ့ တွဲသုံးတဲ့ အခါ  enum type ရဲ့  value ကို  case နဲ့တွဲမသုံးထားဘူးဆိုရင်တော့  compile time error  စစ်ပေးပါလိမ့်မယ်။

 Java compiler  အနေနဲ့  Enum type အတွင်းရှိ   Value တွေကို သိတာကြောင့်   switch expression  အတွင်း  enum type value  အားလုံးကို အသုံးပြုပေးရပါလိမ့်မယ်။ အသုံးပြုထားလျှင်  defualt statement  ကို သုံးစရာမလိုတော့ပါ ဘူး။ သို့မဟုတ်လျှင်  default statement  ကို အသုံးပြုရပါလိမ့်မယ်။

   ဥပမာ ၁။  ။

int value = switch (day) {
case MONDAY, FRIDAY, SUNDAY -> {
yield 4;
}
case TUESDAY -> {
System.out.println(7);
yield 7;
}
case THURSDAY, SATURDAY -> {
System.out.println(8);
yield 8;
}
case WEDNESDAY -> {
System.out.println(9);
yield 9;
}
};
System.out.println(value);


အထက်ပါ ဥပမာ သည်  Java 13 ၌  switch expression ကို  yeild statement နဲ့ စတင်အသုံးပြုလို့ ရလာသည့် ဥပမာ ဖြစ်ပါသည်။ ထို ဥပမာ၌  defalut statment  ကို ထည့်မရေးထားပါ။  day သည်  enum type  ဖြစ်သည်။

 enum type အတွင်းရှိ  value   များ အားလုံး ပါ၀◌င်သောကြောင့်  default statment ကို ရေးသားရန်မလိုပါ။

 value  တစ်ခုခုကို သာ ထည့်မရေးခဲ့ပါက  default statement ရေးကိုရေးသားရပါမည်။


 Java 12 switch expression  အကြောင်း လေ့လာရန် === >  java-12-switch

 yield keyword အကြောင်း လေ့လာရန် === >    java-13-new-keyword-yield


#khan

#learnprogrammingbykhan


Comments